International News

ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်သူများအတွက် “အထွက်နှုန်း မြင့်မားသော ကောက်ပဲသီးနှံစီမံကိန်း” ဆောင်ရွက်လျက်ရှိခြင်း

Last Updated:

ဩစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကောက်ပဲသီးနှံစိုက် တောင်သူများသည် နိုင်ငံအဆင့် ပျမ်းမျှစိုက်ပျိုးမှုထက် ငါးဆခန့်ရှိသော ဂျုံသီးနှံအမြောက်အမြားကို စိုက်ပျိုးသည့် အလေ့အထရှိပြီး၊ မကြားသေးမီနှစ်များအတွင်း ဂျုံသီးနှံအထွက်နှုန်းမှာ သိသိသာသာမြင့် တက်လာခဲ့သည်။ တောင်ပိုင်းဩစတြေးလျပြည်နယ် Rendelsham တွင် ဂျုံအထွက်နှုန်းမှာ  တစ်ဧကလျှင် ၁၁.၇ တန်ရရှိနေပြီး၊ ယင်းသို့ အထွက်နှုန်းမြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အထွက်နှုန်းမြင့်မားသော ကောက်ပဲသီးနှံစီမံကိန်း” ၏ ပံ့ပိုးမှု ကြောင့်ဖြစ်ကြောင်း သိရှိရသည်။

ကောက်ပဲသီးနှံသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ကော်ပိုရေးရှင်း၏ ရန်ပုံငွေဖြင့် သုတေသနပြုထားသည့်နေရာသည် မိုးရွာသွန်းမှု မြင့်မားသော ဒေသများ၏ အလားအလာကို အမြင့်ဆုံးဖြစ်စေရန်အတွက် ရည်ရွယ်ပါသည်။ ဩစတြေးလျနိုင်ငံတစ်ဝှမ်းရှိ နေရာ (၅) ခုတွင် မိုးရွာသွန်းမှုမြင့်မားသော သီးနှံစိုက်ပျိုးသည့်ဒေသများ၏ အလားအလာကို မည်သို့မည်ပုံမြှင့်တင်ရန် သုတေသနပြုလျက်ရှိ ကြောင်း သိရှိရသည်။

စီမံကိန်းဦးဆောင်သူ၏ ပြောကြားချက်အရ ဒေသအတွင်း အထွက်နှုန်းအများဆုံး၊ ဈေးအသက်သာဆုံး၊ ရေရှည်တည်တံ့မှုအရှိဆုံး စိုက်ပျိုးနိုင်သော မျိုးစိတ်များကို ရှာဖွေရန် ဂျုံနှင့် မုယောစပါး စမ်းသပ်စိုက်ပျိုးထားသည့် အကွက် (၁၀၀၀) ခန့်ရှိကြောင်း သိရှိရ သည်။ စီမံကိန်း၏ ဦးစားပေးလုပ်ဆောင်ရမည့်အချက်မှာ အအေးပို၍ စိုစွတ်သောရာသီဥတုနှင့် လိုက်ဖက်သော မျိုးကွဲများကို ရှာဖွေ ရန်ဖြစ်သည်။

သုတေသီများသည် ရာသီဥတုနှင့် ကိုက်ညီသော ဥရောပမျိုးကွဲများကို စိုက်ပျိုးထားကြပြီး၊ ယခုနှစ် ပထမဆုံးအကြိမ် စမ်းသပ်မှုတွင် ပြင်သစ်မုယောစပါးသည် တစ်ဧကလျှင် (၁၀) တန်နှင့် ဂျုံအထွက်နှုန်း တစ်ဧကလျှင် (၁၂)  တန်ကျော်ထွက်ရှိကြောင်း သိရှိရသည်။ စီးပွားဖြစ် မထုတ်လုပ်ရသေးသော်လည်း စိုက်ပျိုးသူများအနေဖြင့် အားတက်စရာရလဒ်များကို မြင်တွေ့နေရပြီဖြစ်သည်။ 

ထို့အပြင် ကုန်ကျစရိတ်လျှော့ချခြင်းသည် အထွက်နှုန်းမြင့်မားသော သီးနှံစီမံကိန်း၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည်။ အထွက် နှုန်းတိုးရန် နိုင်ထရိုဂျင်ပမာဏများစွာကို အသုံးပြုရသည်ဖြစ်ရာ ဓာတ်မြေသြဇာဈေးများ ကြီးမြင့်လာသည်နှင့်အမျှ ထုတ်လုပ်မှုကုန် ကျစရိတ် မြင့်တက်လာနိုင်သည်။ စိုက်ပျိုးသူအများစုသည် ၎င်းတို့အနေဖြင့် ကိုင်တွယ်နိုင်ရန် ကောက်ပဲသီးနှံအပင်များကို တိုတောင်းပြီး၊ သန်မာစေရန် အပင်အားတိုးဆေးများဖြန်းသည့်အပြင် မှိုသတ်နည်းမျိုးစုံကိုလည်း အားကိုးလျက်ရှိကြောင်း သိရှိရ သည်။

ကောက်ပဲသီးနှံစိုက်ပျိုးသူများ အမှန်တကယ်လိုအပ်သော အထွက်နှုန်းမြင့်မားခြင်း၊ ရောဂါခံနိုင်ရည်ရှိရုံသာမက ရေရှည်ရပ်တည်နိုင် စွမ်းတို့ကို ယခုဆောင်ရွက်လျက်ရှိသော အထွက်နှုန်းမြင့်မားသော ကောက်ပဲသီးနှံစီမံကိန်းမှရရှိရန် မျှော်မှန်းထားကြောင်း သိရှိရ သည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News